⚠️Personal Website လုပ်ချင်သူတွေအတွက် Free Tools များ
--
👋 အခုရေးတဲ့ Post လေးက Non-technical သမားတွေအတွက်ပါ။ကျွန်တော်ကိုယ်တိုင်လည်း Code ရေးတာဘာညာကို မကျွမ်းကျင်တော့ ကိုယ်ပိုင် Personal Website အသေးစားလေးတစ်ခုလုပ်ဖို့ အနည်းငယ်ခက်ခဲပါတယ်။ ပိုက်ဆံမကုန်ချင်တာလည်းပါတာပေ့ါ။
ဆိုတော့ Free ရပြီး Code ရေးစရာမလိုတဲ့ နည်းလေးတွေ Google မှာ ရှာရင်းဖွေရင်း ဒီ tools လေးတွေကို တွေ့တာပါ။ အခုဟာတွေက လက်ရှိကိုယ်တိုင်သုံးနေတဲ့အထဲက အကြိုက်ဆုံးလေးတွေကို ပြန်မျှဝေပေးတာပါ။
.
.
✅Carrd.co
Carrd ကတော့ ကျွန်တော်အကြိုက်ဆုံးတစ်ခုပါ။ သပ်သပ်ရပ်ရပ်နဲ့ စိတ်တိုင်းကျနီးပါးဖြစ်စေမယ့် Web Page တစ်ခုရအောင် လုပ်လို့ရပါတယ်။
.
ကိုယ့်စိတ်ကူးဉာဏ်ကွန့်မြူးမှုကိုလိုက်ပြီး Drag & Drop လုပ် ယုံနဲ့ One Page (or) Multi-Page တွေပါဝင်တဲ့ Site လေးတစ်ခုရနိုင်ပါတယ်။
Pro မြှင့်လိုက်ရင်တော့ ပိုမိုက်တဲ့ Features တွေဖြစ်တဲ့ Forms, Widgets + Embeds, Google Analytics တွေအပြင်
ကိုယ်ပိုင် Domain တစ်ခုနဲ့ချိတ်ခွင့်ရမှာပါ။
ဒါက ကျွန်တော်လုပ်ထားတာလေးပါ။ >>> https://nanoo.carrd.co/
.
.
✅Link.tree
Instagram သုံးတဲ့သူတိုင်း Linktreeကိုသတိထားမိမှာပါ။ နာမည်ကြီး Cele တွေ၊ Brand တွေအတော်များများ Link.tree ကိုသုံးနေကြပါတယ်။ Instagram ရဲ့ Bio မှာက Link တစ်ခုပဲ ထည့်လို့ရတာ အားလုံးသိပြီးဖြစ်မှာပါ။
ဒီတော့ကိုယ့်ရဲ့ အခြား Social Acc တွေ၊ Website နဲ့ အခြား Link တွေကို Shareချင်တဲ့အခါ Link tree ကိုသုံးကြပါတယ်။ Link Tree ဆိုတဲ့အတိုင်း Link တွေကို Web Page တစ်ခုတည်းမှာ စုပေးထားတာပါ။
.
အားသာချက်ကတော့ Free သုံးလို့ရတာပါ။ အားနည်းချက်ကတော့ Pro မမြှင့်ရင် Link Tree ရဲ့ Branding ပါနေတာရယ်။ Color, theme အရောင်တွေ စိတ်ကြိုက် ချိန်းလို့မရတာရယ်ပါ။
ဒါက ကျွန်တော်လုပ်ထားတာလေးပါ။ >>> https://linktr.ee/NanOoGrowthMarketer
.
✅About.me
about.me ကတော့ Minimalist ဆန်တဲ့
Design လေးတွေများပြီး၊ Data ဖြည့်ရတာလည်း လွယ်ပါတယ်။
Free Version နဲ့ဆိုရင်ကို One Page Website လှလှလေး ရနေပါပြီ။
ထုံးစံအတိုင်း Custom Domain, Google Analytics, Appointment Scheduling စတာတွေ သုံးချင်ရင်တော့ Pro မြှင့်ကြလေကုန်သတည်းပေ့ါ။ ဒါက ကျွန်တော်လုပ်ထားတာလေးပါ။ >>> https://about.me/countdown
.
.
✅bio.fm
ဒါကလည်း Free ပါပဲ။ ကိုယ့်မှာ Twitter (သို့မဟုတ်) email ရှိရင် အကောင့်ဖွင့်သုံးလို့ရပါပြီ။ bio.fm က Design လှတာလေးတွေ ကြိုက်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ Blocks တုံးလေးတွေနဲ့ Web page လုပ်ရတဲ့အရသာက ငယ်ငယ်တုန်းက သစ်သားတုံးတွေနဲ့ အိမ်ဆောက်ခဲ့တာကိုတောင် ပြန်အမှတ်ရမိစေပါတယ်။ Block တစ်ခုကို Section တစ်ခုပါ။
.
Free Version မှာ အများဆုံး Block 3ခုပဲ ထည့်ခွင့်ပေးပါတယ်။ Block ပိုထည့်ဖို့နဲ့ Analytics တွေသုံးချင်ရင်တော့ ထုံးစံအတိုင်း Premium မြှင့်ကြလေကုန်သတည်းပေ့ါ။ ဒါက ကျွန်တော်လုပ်ထားတာလေးပါ။ >>> https://bio.fm/nanoo55153523
.
.
✅Somebody.io
Somebody.io ကတော့ Feature သိပ်များများစားစားမပါပါဘူး။
ဖြည့်လို့ရတဲ့ အချက်အလက်တွေကလည်း အရမ်းရိုးရှင်းပါတယ်။ Project တွေကို ထည့်ပြလို့ရတဲ့တစ်ချက်ကတော့ ကျန်တာတွေနဲ့မတူတဲ့ အားသာချက်လေးပါ။ ဒါက ကျွန်တော်လုပ်ထားတာလေးပါ။ >>> http://nanoo.somebody.io/
.
ဒီ Website ၅ခုထဲက တစ်ခုမဟုတ် တစ်ခုက သင့်လိုအပ်ချက်နဲ့ကိုက်မယ်ထင်တယ်ဗျ။ တကယ်လို့ ဒီ ၅ခုထဲကမဟုတ်ပဲ အခြားကောင်းတာလေးတွေရှိရင်လည်း Comment မှာ ပြန်Share ပေးခဲ့ပါဦး။
.
#GrowthTools